Monday, September 29, 2014

ပညာရေးနဲ့ပတ်သက်လို့ တော်တော်ကြီး အတွေ့အကြုံများတယ်လို့
သတ်မှတ်ခြင်းခံထားရသူ ပညာရေးဆိုင်ရာ တာဝန်ကြီးတွေလည်း ယူထားသူ
တစ်ယောက်ကို ဒီကနေ့ မေးခွန်းမေးခွင့်ရခဲ့ပါတယ်။
" တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာတတ်တွေ အဆင့်မီမီ မွေးထုတ်ပေးနိုင်ဖို့
ဖွံ့ဖြိုးပြီးတဲ့ နိုင်ငံတွေက အစိုးရတွေက ဘယ်လိုများပံ့ပိုးပေးပါသလဲဆိုတာ
ဗဟုသုတ အနေနဲ့ ပြောပြပေးပါခင်ဗျာ" လို့ မေးတာပါ။
" တိုင်းပြည်ချမ်းသာဖို့ ပညာတတ်တွေ ကောင်းကောင်းရှိရမယ်ဆိုတာ ဘယ်ကကြားဖူးသလဲ " တဲ့သဘောမျိုး ပြန်မေးခံရပါတယ်။
ကျနော် အကြီးအကျယ် အံ့အားသင့်သွားခဲ့ရပါတယ်။ ကျနော်က
ပညာရေးဟာ တိုင်းပြည်အမှန်တစ်ကယ် တိုးတက်ဖို့ သော့ချက် ဖြစ်တယ်လို့
အခိုင်အမာ ယူဆထားသူပါ။ တိုးတက်တယ်ဆိုတာ ဂုဏ်သိက္ခာရှိရှိ ရေရှည်တည်တံ့တဲ့တိုးတက်မှုကို ဆိုလိုခြင်းဖြစ်ပြီး ငွေကြေးချမ်းသာကြွယ်ဝခြင်းတစ်ခုထဲကို တိုးတက်တယ်လို့ပြောလို့မရတာကြောင့်ပါ။ ပညာရေးမကောင်းဘဲနဲ့ တိုးတက်ခဲ့ရင်လည်း အာမခံချက်ရှိပါ့မလား မသေချာဘူးလို့ယုံကြည်ပါတယ်။
ဒါပေမယ့် ကိုယ့်ထက် ဝါတွေ သမ္ဘာတွေ ပညာတွေ ယှဉ်ဖို့ကိုမသင့်အောင် သာလွန်တဲ့
ပုဂ္ဂိုလ်တစ်ယောက်က အဲသလိုမေးတော့
ကျနော့် အသိဥာဏ် နုံနဲ့နေသေးလို့ဘဲလို့ ခံယူလိုက်ပါတယ်ဗျာ။
လောကမှာ သင်ယူစရာ လေ့လာစရာတွေက သေရင်တောင်ကုန်နိုင်မယ်မဟုတ်ပါကြောင်း။ ။
ပိုက်တင်

No comments:

Post a Comment