အင်းတကော်က အော်ရီဒူးကတော့ စ လာပြီဟေ့…
ပဲခူးမြို့ နယ် အင်းတကော်မြို့ အမှတ်(၆)ရပ်ကွက်မှာအော်ရီဒူးမှခြံပိုင်ရှင် ဦးဝမ်းအား တလလျှင်(၃)သိန်းဖြင့်တနှစ်စာ (၃၆)သိန်းပေးကာ (၁၅)နှစ်စာစာချုပ်ဖြင့် မြေနေရာငှားရမ်းခဲ့ပါတယ်။
အဲဒီမှာပြဿနာက အနီးပတ်ဝန်းကျင် ၂ အိမ်ထောင်ကိုသာသဘောတူညီချက်ယူခဲ့ပြီး ကျန်အိမ်များကိုတော့ အသိပေးသဘောတူရယူခြင်းမရှိခဲ့ပါဘူး…
စတင်တည်ဆောက်စဉ်ကာလမှာကထဲက ရပ်ကွက်ပြည်သူများနဲ့  အဆင်မပြေမှုများဖြစ်နေခဲ့တာပါ…အခု တည်ဆောက်ထားတဲ့ တိုင်အမြင့်က (၂၁၀)ပေ မြင့်ပါတယ်…
ဒါကြောင့်သဘာဝဘေးဒဏ်များကြုံလာလို့  မတော်တဆလဲပြိုခဲ့ ရင် ပတ်ဝန်းကျင်ကအိမ်အလုံး ၂၀ လောက်ထိခိုက်မှာပါ…
သာယာအေးကျေးရွာမှာတော့ ပတ်ဝန်းကျင်ကလက်မခံလို့  တည်ဆောက်ခွင့်မရတော့ပါဘူး…
အခုလဲ ပတ်ဝန်းကျင်ပြည်သူလူထုကို လုံးဝဂရုမစိုက်ဘဲ မီးစက်ကြီးကိုနေ့ ညနှိုးထားတာ(11)ရက်ရှိသွားပါပြီ…တာဝန်ခံလဲမရှိ ဆက်သွယ်စရာလူလဲမရှိဘဲဒီတိုင်းထားထားတာပါ…
အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ ကိုတိုင်ကြားပေမဲ့ ထုံးစံအတိုင်းပါဘဲ ဘာမှထိရောက်အောင်ဆောင်ရွက်ပေးခြင်းမရှိခဲ့ပါဘူး…
ဒါကြောင့် ကျွန်တော်တို့ ပြည်သူလူထုတွေ ဘာဆက်လုပ်ကြရင်ကောင်းမလဲ?

No comments:
Post a Comment