အမျိုးသားရေးဆိုတာ အလှူငွေနဲ့သွားရရင်၁ မှန်မှန်မမှန်မှန် အစွပ်စွဲခံရတယ်၂ မကြာခနငွေပြတ်ပြီးတိုင်ပတ်ပါတယ်၃ လိုရာခရီး လုပ်ငန်းစဉ်အတွက် အချိန်အတိအကျအစီအစဉ် ချ မရဘူး ဘာမှကြိုခန့်မှန်းလို့မရဘူး၎ အလှူငွေမရှာတတ်ရင်လည်းအလုပ်မဖြစ်ဘူး၅ အချိန်ကြာလာတာနဲ့အမျှအလှူငွေပေးတဲ့လူတွေပင်ပန်းလာမယ် စိတိကွက်လာမယ် အင်အားကုန်ခမ်းလာမယ် ။စိတ်ဓါတ်တွေထုံထိုင်းလာမယ်။ဒီတော့ ကိုယ့်ဟာကိုယ်တာဝန်ယူ ကိုယ့်ပုံမှန်ဝင်ငွေတစ်ခုကနေ သတ်သတ်မှတ်မှတ်ထား ။ကိုယ်နိုင်သမျှဝန်တစ်ခုသတ်သတ်မှတ်မှတ်ထားလုပ် ။ကိုယ့်ပုံစံနဲ့ကိုက်ညီတဲ့မိတ်ဆွေဘယ်နှစ်ယောက်ရရစုလုပ်။ကျနော်တို့အမျိုးသားရေးမြန်မာလူငယ်များအသင်း N.M.Y ဟာ ဒီပုံစံနဲ့ပဲခရီးဆက်ခဲ့တာမို့ အခုထိ ဘယ်သူမှခရီးမပန်းခဲ့ပါဘူး ။ အဲ့ဒါပဲကောင်းတယ် ။ အဲ့လိုပဲသွားပါမယ် ။ တစ်လတစ်ခါအလှူငွေလေး ဘယ်လောက်ရရစုဆောင်းထား ။ပြီးတာနဲ့ အမျိုးသားရေးပရဟိတနဲ့ကုသိုလ်ကောင်းမှုတွေကိုယ့်ဝန်ကိုယ့်တာနဲ့မျှမျှတတလုပ်။ အဆင်ကိုပြေနေတာပဲ။အဓိကကတော့ ဘယ်အချိန်ရောက်ရင် ဘာအလုပ်လုပ်မယ်ဆိုတာကို Project တစ်ခုအဖြစ်ရေးဆွဲနိုင်ခဲ့ပြီးတကယ်လည်းအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ပြင်ပအလှူငွေအားမကိုးခြင်းရဲ့အကျိုးပါ။ ကျနော်တို့အလှူငွေလက်ခံခဲ့ပေမဲ့အတင်းလိုက်ဖိအားမပေးခဲ့ဘူး။မလှူစေခဲ့ဘူး။ ဒီအတိုင်းကျနော်တို့ရှေ့ဆက်မယ်ဆိုရင် အမျိုးသားရေးလောကအတွက် ကြီးမားတဲ့အရွေ့ဖြစ်မလာနိုင်ပေမဲ့ မြန်မာနိုင်ငံ မြန်မာတစ်မျိုးသားလုံးအတွက် ကျနော်တို့လိပ်ပြာ ကျနော်တို့လုံကြပါမယ်။ခွန်အားနဲ့စွမ်းအားကိုကျနော်တို့ဖြည်းဖြည်းချင်းချွေတာပြီးနည်းနည်းချင်းလုပ်နေကြတဲ့အတွက် ကျနော်တို့ဒီအလုပ်ကို မသေမချင်းလုပ်နိုင်မှာ အသေအချာပါပဲ။ထာဝရပေါ့။ အုတ်တစ်ချပ် သဲတစ်ပွင့်မျှပါပဲ။ အများကြီးလည်းမျှော်လင့်မထားပါဘူး ။ဒါပေမဲ့ ကျနော်တို့လိုလူတွေများလာရင်တော့ အရွေ့တစ်ခု အကြီးကြီးဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ ဒါ့ကြောင့် လုပ်နေတဲ့အလုပ်တွေ နည်းပေမဲ့ စိတ်မပျက်ဖို့ အားမငယ်ဖို့ ကျနော်တို့အသင်းဝင်တွေကို ကျနော်ကပြောချင်ပါတယ် ။
ထွန်းသစ်
အသင်းတာဝန်ခံ/ရန်ကုန်
အမျိုးသားရေးမြန်မာလူငယ်များအသင်း N.M.Y
2.9.2014
No comments:
Post a Comment