Thursday, September 18, 2014

သတိပြုရမည့် သတင်းဟောင်းလေးတစ်ပုဒ်

အချင်းချင်း မပစ်ခတ်ကြရန်နှင့် အလံ တခုတည်း အသုံးပြုသွားရန် ကရင်လက်နက်ကိုင် အဖွဲ့ သဘောတူညီမှု ရရှိ
အဲခေါင်သောင့်၊ မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။
ကရင်လက်နက်ကိုင် အဖွဲ့ အချင်းချင်း အပြန်အလှန် မပစ်ခတ်ကြရန်နှင့် လက်ရှိ အသုံးပြုနေကြသည့် ကရင် အမျိုးသား အလံတော်ကို တခုတည်း အားလုံး အသုံးပြုသွားရန် ယမန်နေ့က သဘောတူညီမှု တခု ရရှိလိုက်ပြီ ဖြစ်သည်ဟု သိရှိရသည်။.
ယမန်နေ့ မေလ ၂၈ရက်နေ့က ကျင်းပပြုလုပ်သည့် ကရင်လက်နက်ကိုင် အဖွဲ့များ၏ တွေ့ဆုံဆွေးနွေးပွဲတွင် ယခုလို သဘောတူညီချက် ရရှိလိုက်ခြင်း ဖြစ်ဖြစ်သည်ဟု တွေ့ဆုံ ဆွေးနွေးပွဲ စီစဉ်သူ တဦး၏ အဆိုအရ သိရသည်။
ထို့အပြင် အခြား အမျိုးသားရေးအတွက် အရေးကြီးသည့် ဆုံးဖြတ်ချက် များကိုလည်း ချမှတ်နိုင်ခဲ့ပြီး အဆိုပါ အစည်းအဝေးအပေါ် အားရ ကျေနပ်မှု ရှိသည်ဟုလည်း အမည် မဖော်လိုသည့် အဆိုပါ ပွဲ စီစဉ်သူတဦးက ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲကို ဗုဒ္ဓဘာသာ ရဟန်းတော် ဦးဝိဇန(ရမ်ဘိုဘုန်းကြီး)၊ ခရစ်ယာန်သိက္ခာတော်ရ ဆရာ စောရောဘတ်ထွေး အပါအ၀င် အခြားကရင် ခေါင်းဆောင်တို့မှ ကမကထ ပြုလုပ်ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲသို့ ကေအဲန်ယူ၊ ကလိုထူးဘော ကရင်အစည်းအရုံးနှင့် ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင်အဖွဲ့တို့ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်ဟု သိရှိရသည်။
သတိပြုရမည့် သတင်းဟောင်းလေးတစ်ပုဒ်ပါ

No comments:

Post a Comment