ကျွန်တော်
ဒီကိစ္စ လေးကို မတင်ချင်ပါဘူး။ မတင်ရင်မဖြစ်တော့လို့တင်တာပါ။ ဒီ photo က
အကြောင်းအရာတွေဟာ အပြစ်ရှိဗိုလ်မှူး တစ်ဦး နဲ့ NLD ပါတီတို့ရဲ့
နိုင်ငံရေးအမြတ်ထုတ်ဖို့ ဝါဒဖြန့်တာပါ။
ယခု photo ပါ ဗိုလ်မှူး ကျော်စွာဝင်း ဟာ အမ်းတပ်နယ်ကပါ။ ၇၅၇ တပ်မှူးပါ။ ၂၀၁၃ ခုနှစ်မှာ သူ့တပ်က ရဲဘော်(မောင်ဖြူ ဟုမှတ်ပါ) တစ်ဦးထွက်ပြေးပါတယ်။ ဒါကို အထက်ကို အစီရင်မခံပဲ သတင်းထိန်ချန်ထားပြီး ခွင့်မဲ့ လစာတွေ ထုတ်စားပါတယ်။ နောက် အဲ့ဒီ ရဲဘော် မောင်ဖြူကို ပြန်ရှာပြီး တပ်က ဗဟိုကင်းမှာ ပြန်ခေါ်ထားပါတယ်။ ဒါတွေက ဘယ်အထက်လူကြီးကိုမှ သတင်းမပို့ပဲ သူ့တပ်အတွင်းမှာပဲ ဖုံးကွယ်ထားတာပါ။ အဲ့ဒီ ရဲဘော် မောင်ဖြူက တော်တော် ဆိုးပါတယ်။ အမြဲမူးရူးပြီး ဆိုးသွမ်းနေတာပါ။ တစ်နေ့မှာ အဲ့ဒီရဲဘော် မူးနေတာကို ဒုအရခဗ က ဆူပြီး ဆုံးမပါတယ်။ ပြန်ခံပြောလို့ ရိုက်လိုက်ပါတယ်။ အဲ့ ဒါကိုမကျေနပ်လို့ ရဲဘော် မောင်ဖြူက ဒုအရခဗ ကို အိပ်နေတုန်း အခန်းတံခါးမှန်ကို ခွဲပြီး ဓတ်ဆီ ပုလင်းပစ် မီးရှို့ပါတယ်။ ပြီးနောက် ရဲဘော် မောင်ဖြူ တပ်ကနေ ထွက်ပြေးသွားပါတယ်။ ဒုအရခဗ ဆရာကြီးက မီးလောင်ဒဏ်ရာနဲ့ ဆုံးသွားပါတယ်။ ဒါကို တပ်မှူး ဖြစ်သူ ဗိုလ်မှူးကျော်စွာဝင်းက ဖြစ်စဉ်မှန်ကို တိုင်းစစ်ဌာနချုပ်ကို မတင်ပြပဲ ဘက်ထရီအိုး ပေါက်ကွဲလို့ အက်စစ်လောင်သေတာပါလို့ ဖြစ်စဉ် လိမ်ပါတယ်။ နောက် ၁ ပတ် ခန့်အကြာ မှာ ရဲဘော် မောင်ဖြူက သူ့ ကို အရေးမယူရင် ပြန်လာမယ်လို့ ဗိုလ်မှူးကျော်စွာဝင်းဆီ ဆက်သွယ်တော့ ဗိုလ်မှူးကျော်စွာဝင်းက အရေးမယူဘူး သူတာဝန်ယူတယ် ဆိုပြီး ပြန်လာဖို့ ခေါ်ပြီး ဗဟိုကင်းမှာ ကင်းသားတာဝန်ပြန်ပေးထားပါတယ်။ အဲ့ဒီမှာ အသက်ဆုံးသွားတဲ့ ဒုအရခဗ ဆရာကြီးရဲ့ သားက မခံရပ်နိုင်ဖြစ်ပြီး တိုင်းစစ်ဌာနချုပ်ကို တိုင်လို့ ဒီဖြစ်စဉ်တွေကို သိရပြီး ဗိုလ်မှူး ကျော်စွာဝင်းကို ဖြစ်စဉ်လိမ်လည်မှု သတင်းထိန်ချန်မှုတွေအတွက် စုံ/ခုံ ဖွဲ့ပြီး စစ်ဆေး အရေးယူတာပါ။ သူ့ကို ချုပ်နှောင်ခြင်းမပြုသေးပါဘူး။ ခြေချုပ်သဘောမျိုးနဲ့လွှတ်ပေးထားတာပါ။ ဒီအမှုမှာ သူ အခြေအနေမကောင်းတော့ဘူး ထောင်ကျတော့မယ်ဆိုတာကို သိလို့ NLD နဲ့ပေါင်း လူမှုကွန်ယက် ဖေ့ဘွတ်အားကိုးနဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်သွားထိုးပြီး ဓတ်ပုံအရိုက်ခံကာ ဝါဒဖြန့်တာပါ။ NLD ကလဲ တပ်မတော်ဗိုလ်မှူး က ထောက်ခံ တယ်ဆိုပြီး ဝါဒဖြန့် ကာ တပ်သား ရဲဘော်တွေကို စည်းရုံးချင်လို့ တပ်တွင်းပုန်ကန်မှုတွေ ဖြစ်စေချင်လို့ ဝါဒဖြန့်တာကို လုပ်တာပါ။
သူ့ကို ဖမ်းထားတာ သတင်းထိန်ချန်မှု ဖြစ်စဉ် လိမ်လည်မှုပါ။
ပုဒ်မ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးလို့မဟုတ်ပါဘူး။
အဲ့ဒါက NLD ရဲ့ ဝါဒဖြန့်မှုပါ။
ဒါက ဝါဒဖြန့်ထားတဲ့ လင့်ပါ။
https://m.facebook.com/photo.php?fbid=1485432291724599&id=100007735272623&set=a.1388958571371972.1073741828.100007735272623&source=48&ref=bookmark
သူ့ရဲ့ တပ်မှူး မပီသမှုကြောင့် ဒုအရခဗ ဆရာကြီး အသက်ဆုံးရှူံး ခဲ့ပြီးပါပြီ။
ဒါ့ကြောင့် NLD နဲ့ ဗိုလ်မှူးကျော်စွာဝင်းတို့ရဲ့ လိမ်လည် ဝါဒဖြန့် အမြတ်ထုတ်မှု ဖြစ်စဉ် အမှန်ကို ပြည်သူအများသိအောင် များများ share လုပ်ပေးကြပါ။
ဝါဒဖြန့် နိုင်ငံရေးအမြတ်ထုတ်မှုတွေကို မလိုလားတဲ့
မိုးကျရွှေကိုယ်

No comments:
Post a Comment