Monday, September 22, 2014

NLD လားရာ

2010တုန်းက ဒီချုပ် အင်အားအတော်နည်းသွားတယ်။ ဒါပေမယ့် ပန်းပန်လျက်ပါပဲ။ ၀န်းရံသူတွေ မနည်းဘူးကိုး။ ခက်တာက အဲဒီဝန်းရံလာသူတွေက သာကူးတွေ များတယ်။ ကေဒါစစ်စစ်တော့ ပါမယ် မထင်ဘူး။

90ကနေ အခုချိန်ထိ ထောင်ကျလုပ်လာတဲ့ ဒီချုပ်လူဟောင်းတွေကကျ လမ်းဘေးရောက်နေတယ်။ တောင်းမစားရရုံတမယ်ပဲ။ သူတို့နေရာကို ပေါ်ပင်တွေ ၀င်လာတယ်။ နေရာလည်း ရကြပါတယ်။ ဆရာဝန်မို့ .. အင်ဂျင်နီယာမို့ .. သူဌေးမို့။ ဒါအမျိုးဟာ အရေးဟဲ့ အကြောင်းဟဲ့ဆို ပါတီအတွက်တော့ ခွေးဖြစ်ကိန်းပဲ။

ကန့်ဘလူမှာ မြေယာပြသနာတွေ ဖြစ်အောင် NLDက မြှောက်ပေးတယ်။ ရည်ရွယ်ရင်းအောင်မြင်ပါတယ်။ တောင်သူတွေထောင်ကျတယ်။ အစိုးရ မုန်းခံရတယ်။ စစ်တပ် စောက်ဆဲခံရတယ်။ တဖက်ကလည်း တကယ်ထောင်ချတာကိုး။

ဒါပေမယ့် တောင်သူတွေ ထောင်ချလည်းအချခံရပြီးရော .. ဘယ်သူကမှ လှည့်မကြည့်ဘူး။ အခုဆို တောင်သူတွေအနားတောင် လာမကပ်တော့ဘူး။ ဘာလို့လဲဆို သူတို့ ထောင်ကျ မခံနိုင်လို့တဲ့။ ကောင်းပါပေ့။ မြင့်မြတ်ပါပေ့။ ရဲရင့်ပါပေ့။ အခုနေ အာဏာပြန်သိမ်းကြည်ပါလား .. အရင်ခေတ်ကလိုပဲ .. ဟုတ်ကဲ့ အဘဆိုပြီး တိုင်းမှူးရှေ့ လက်ကလေးနောက်ပစ်နေကြမှာ။

ဆရာမောင်သာနိုးတော့ စောင့်ကြည့်ဂျာနယ်မှာ ရေးဖူးတယ်။ အရင်က ဒေါ်စုအိမ်ရှေ့တောင် ဖြတ်မလျောက်ရဲခဲ့တဲ့လူတွေက အခုမှ အမေစု အမေစုနဲ့ နေရာဝင်ယူနေတယ်တဲ့။

အပြစ်တော့ မမြင်ပါဘူး။ ဒါမျိုးက ချီးကျူးရမှာကိုး။ ကိုယ်လည်း အတုယူပါတယ်။ ဘယ်ခေတ်မှာမဆို ကိုယ်ရှင်သန်ကြီးပွားအောင်နေနိုင်တာက တကယ်တော့ အရည်အချင်းတမျိုးပဲကိုး။

Okkar Shwe Win

No comments:

Post a Comment