Monday, September 15, 2014

စစ်တက္ကသိုလ်က အငြိမ်းစားကထိက ဆရာမတစ်ယောက်ရဲ့ ရင်ဖွင့်သံ.... ဗိုလ်ကြီးနေမျိုးဇင် ကြားသိနိုင်ပါစေ

မင်္ဂလာပါရှင်….
ကျွန်မနာမည်ကတော့ ဒေါက်တာမြမြသန်း (ငြိမ်း) ဖြစ်ပါတယ်။ ဘ၀တစ်လျှောက် လုံး ကျောင်းဆရာမဘ၀နဲ့  အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ကျွန်မဟာ ဒီနေ့ဒီအချိန် မှာတော့ အသက် ၆၀ ပြည့်မြောက်ခဲ့ပြီးဖြစ်တဲ့အတွက် အငြိမ်းစားကျောင်းဆရာမ တစ်ယောက်သာဖြစ်ပါတော့တယ်။ အခုတော့ကျွန်မရဲ့မွေးရပ်ဌာနေဖြစ်တဲ့ လက်ပံ တန်း မြို့မှာပဲသားသမီးမြေးမြစ်တွေနဲ့တူတူနေထိုင်လျှက်ရှိပါတယ်။ ကျွန်မရဲ့သမီး များတောင် ယခုဆိုရင် တက္ကသိုလ်ဆရာမတွေဖြစ်နေကြပါပြီ။
မနေ့ကအင်တာနက်ပေါ်က သတင်းတစ်ခုကြောင့်ကျွန်မဘ၀မှာ ၀မ်းအနည်းဆုံးနဲ့ စိတ် အထိခိုက်ဆုံးဖြစ်ခဲ့ရပါတယ်။ ကျွန်မမြေးမလေးက သတင်းတစ်ခုကျွန်မကို လာပြခဲ့ တယ်။ စစ်တက္ကသိုလ်မှ ကျောင်းဆရာ/မအငြိမ်းစားတွေကို ကျန်းမာရေးထောက် ပံ့မည့် အဖွဲ့စည်းလေးတစ်ခုလုပ်မယ် ဆိုတဲ့သတင်းပါ သတင်းဖတ်ဖတ်မိခြင်းမှာ ကျမ အရမ်း ၀မ်းသာခဲ့ရပါတယ်။ ကျမဟာ စစ်တက္ကသိုလ်မှာ (၄) နှစ် တိတိတာဝန် ထမ်းဆောင်ခဲ့ဘူး တဲ့ ဆရာမတစ်ယောက်ပါ။
ယခုလိုကိုယ့်တပည့်သားသမီးလေးတွေဟာ ကျမတို့တွေအပေါ် သိတတ်မှု၊ လေးစားမှု ရှိလေခြင်းဆိုပြီးကျမပျော်ခဲ့ရတာပါ။ ဒါပေမယ့်ရှင် ကျမဆက်ဖတ် မိလိုက်တဲ့ သ တင်းလေးတစ်ခုကတော့ ကျမရင်ဘတ်တစ်ခုလုံးနာကျင်ခဲ့ရပါတော့တယ်။ စစ်တက္ကသိုလ် ကျောင်းဆင်း တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးနေမျိုးဇင်က ကျမတို့ဆရာမတွေ အနေနဲ့ ဗိုလ်လောင်းတွေကို ရေခဲထုပ် ရောင်းပြီး စာသင်ခဲ့ရကြောင်းနှင့် ဗိုလ်လောင်း များက ကျမတို့ဆီက ရေခဲထုပ်တွေဝယ်ပြီး ဆရာ တပည့်ဖြစ်ခဲ့ရ ကြောင်းရေး သားထား တာပါ။ ကျမစာကိုဖတ်ပြီးပြီးခြင်း ၀မ်းနည်းလွန်းလို့ ရှိုက်ကြီးတငင်ငိုကြွေးခဲ့ရပါတယ်။
စစ်တက္ကသိုလ်ကျောင်းဆင်းတစ်ဦးဟာ ကျမတို့ဆရာ/မတွေအပေါ် အဲဒီလောက်ေ တာင်စော် ကားရက်လေခြင်း ဆိုတဲ့အသိစိတ်ဟာ ကျမအတွက်ဖြေမဆည်နိုင်အောင် ပင်ဖြစ်ခဲ့ရပါတယ်။
အမှန်တိုင်းပြောရရင် ကျမစစ်တက္ကသိုလ်မှာ စတင်တာဝန်ထမ်းဆောင်ဖို့ အမိန့်ကျလာခဲ့ ချိန်မှာ အရမ်းတုန်လှုပ် ခဲ့ရပါတယ်။ ကိုယ်နဲ့မသိတဲ့အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်တစ်ခု ကိုခြေချရတော့မည့်အတွက် စိတ်ပူခဲ့ပါတယ်။ နောက်ပြီး ဒါဟာစစ်တပ်တစ်ခု၊ အမိန့်တွေ အာဏာတွေနဲ့ အုပ်ချုပ်တဲ့နေရာမှာ ကျမနေသားကျပါ့မလားလို့လဲ ပူပန်ခဲ့ရတာပါ။
ကျမအထင်နဲ့မြင်တွေလွဲခဲ့ကြောင်း စစ်တက္ကသိုလ်ကိုရောက်ရောက် ချင်း နေ့မှာပဲစတင် သိရှိခဲ့ ရပါတော့တယ်။ အားလုံးကနွေးထွေးစွာကြိုဆိုကြတယ် ဖော်ဖော်ရွေရွေရှိတယ်၊ ကျမအတွက်နေထိုင်ဖို့ အခန်းတစ်ခန်းစီစဉ်ပြီးသား ဆိုတာလဲကျမ၀မ်းသာစွာ သိခဲ့ရ တယ်။ နောက်မှသိခဲ့ရတာက ကျမအတွက် စီစဉ်ထားတဲ့အခန်းဟာ သူတို့တက္ကသိုလ် က အရာရှိအိမ်ထောင်သည်တွေနေတဲ့အခန်းဆိုတာကိုပါ။ ရေမီး မိလ္လာ ကအစ လိုလေသေးမရှိကြို တင်စီမံပေးထား တာကိုလဲတွေ့ရပါတယ်။ စာပေ(၂)လို့ သူတို့ခေါ် တဲ့ နေရာမှာ စာသွားသင်ဖို့အတွက်လည်း ကျမတို့ဆရာ/မတွေနေထိုင်ရာနေရာတွေမှာ နံနက်မိုးလင်းတာနဲ့ ဖယ်ရီကားတွေ လာကြိုခဲ့ပါတယ်။ ကျမတာဝန်ထမ်းဆောင်ဘူးတဲ့ ဘယ်တက္ကသိုလ်မှာမှ ဒါမျိုးမလုပ်ပေးဘူးခဲ့ ပါဘူး။
ကျမဗိုလ်လောင်းလေးတွေကိုစာစသင်ခဲ့တဲ့နေ့ကတော့ကျမဘ၀ရဲ့အမှတ်တရပါပဲ။ အမိန့်တွေ စည်းကမ်းတွေ တင်းကြပ်နေတဲ့သူတို့ရဲ့သွင်ပြင် ဟာမာကျောခက်ထန် တယ်ထင်ရပေမယ့် သူတို့ဟာလည်းလူသားတွေပဲဆိုတာ ကျမသိခဲ့ရတယ်။ ဘာလုပ်လုပ်အမိန့်နဲ့လုပ်ကြတယ်၊ ဘာလုပ်လုပ် စည်းကမ်းနဲ့လုပ်ကြတယ်။ ကျမသူတို့ကို လေးစားသလို သနားလဲသနားတယ်။
မိုးလင်းမိုးချုပ် လေ့ကျင့်ခန်း တွေနဲ့ပြည့်နှက်နေတဲ့သူတို့ဟာ စာသင်ခန်းမှာ တစ်ခါ တစ်လေ အိပ်ငိုက်ကြတယ်။ အိပ်ငိုက်လို့ကျမဆူငေါက်ပြီး အပြစ်ပေးရင် လဲ ကျေကျေ နပ်နပ် ခံယူကြတယ်။ တစ်ခါတစ်လေမှာကျမ သူတို့ကိုသနားလို့အိမ်ကနေမုန့်တွေ လုပ်လာတယ် အားလပ်ချိန်တွေမှာ သူတို့ကိုမုန့်ကျွေးရင် အားရ၀မ်းသာစားကြတယ်။ အဲဒါကျမတို့ဆရာတပည့်ကြားထဲက သံယောစဉ်နဲ့မေတ္တာ တရားပါ။
ဗိုလ်ကြီးနေမျိုးဇင်ပြောသလို ကျမတို့ဆရာ/မတွေဟာတစ်ခါမှ သူတို့ကိုရေခဲထုပ်မရောင်း ဖူးပါဘူး။ သူတို့ကိုမှ မဟုတ်ပါဘူး ကျမတာဝန်ထမ်းဆောင်ခဲ့တဲ့ဘယ်တက္ကသိုလ်မှာမှ တပည့်တွေကိုရေခဲထုပ်ရောင်းပြီး ကျမ စာမသင်ခဲ့ပါဘူး။ နောက်တစ်ခု ကျမမေးချင် ပါသေးတယ် စစ်တက္ကသိုလ်လိုနေရာမျိုးမှာ ဆရာ/မတွေ ဗိုလ်လောင်းတွေကို မုန့်ရောင်းလို့ရပါသလားဆိုတာ ဗိုလ်ကြီးနေမျိုးဇင်တို့လို စစ်တက္ကသိုလ် ကျောင်း ဆင်းတွေ အားလုံးသိမှာပါ။
စစ်တက္ကသိုလ်ကလဲ ကျမတို့ကို မျက်နှာလွှဲခဲပစ်မလုပ်ခဲ့ ပါဘူး။ အခက်ခဲမှန်သမျှဖြည့် ဆည်း ပေးခဲ့သလို အကူညီလိုတိုင်းလည်း အားတက် သရောဆောင်ရွက်ပေး ခဲ့ကြတာ ပါ။ ကျမတို့အတွက်သူတို့ရဲ့ တပ်မွေးနေ့တိုင်းမှာ လက်ဆောင်တစ်ခုခုပေးပါတယ်။ ၀တ်စရာဝတ်စုံကအစဖြည့်ဆည်းပေးကြတယ် အင်မတန် ရင်းနှီးနွေးထွေးခဲ့တဲ့ တက္ကသိုလ်ပါ။ အခုချိန်ထိကျမတပည့်တွေဟာ ကျမကိုအလေးပြုပြီးနှုတ်ဆက် တုန်းပါပဲ။ သူတို့နှုတ်ဆက်တိုင်းလဲ ကျမဦးညွတ်ပြီးပြန်နှုတ်ဆက်တုန်းပါ။
ဒါဟာဘယ်တက္ကသိုလ်မှာမှမရှိတဲ့ကျမတို့ရဲ့ ဆရာတပည့်ရင်းနှီးမှုပါပဲ။ အဲဒါကိုကျမ ခုချိန်ထိဂုဏ်ယူတယ်။ ကျမတာဝန်ထမ်းဆောင်ခဲ့စဉ် ကာလမှာလည်း ကျမအတွက် ဂါဒီယံလို့ခေါ်တဲ့ ဗိုလ်လောင်းလေးတွေရရှိခဲ့ပါတယ်။ သူတို့တပ်ပြင်ထွက်တိုင်း ကျမအိမ် မှာ ထမင်း ခေါ်ကျွေးခဲ့တယ်။ နှစ်စဉ်နှစ်တိုင်းသူတို့က ကျမကိုကန်တော့ကြတယ်။ ဘယ်အချိန်ထိ ကန်တော့ကြလဲဆိုရင် ဒီနေ့အထိပါပဲရှင်။
ကျမတို့ရဲ့ဆရာတပည့်ရင်းနှီးမှုဟာ ဗိုလ်ကြီးနေမျိုးဇင်ပြောသလို အသပြာတွေမပါပါဘူး။ မရိုးသားမှုတွေမပါပါဘူး။ စေတနာ မေတ္တာနဲ့ သူများတွေနဲ့မတူ တဲ့ နောက်တစ်ချက် ကတော့သစ္စာတရား ပါပါရှိခဲ့တာပါ။ နောက်ပြီးကျမတို့ကိုစစ်တက္ကသိုလ်ကလဲ ပစ်ထားခဲ့တာမဟုတ်ပါဘူး။ ဒါကိုတော့ ကျွန်မအာမ ခံပြီးပြောပြရဲပါတယ်။
ယခုလိုဗိုလ်ကြီးနေမျိုးဇင်အနေနဲ့ ကျမတို့လိုစစ်တက္ကသိုလ်က ကျောင်းဆရာ/မ အငြိမ်း စားတွေကို ကူညီထောက်ပံ့မည့် အဖွဲ့စည်းလုပ်မည်ဆိုတာကို ကျမ၀မ်းသာပီတိဖြစ် မိပေ မယ့် ဒီအလှူဒါနကိုအကြောင်းပြုပြီး ကျမတို့ကိုဓားစာခံပြုလုပ်ကာ စစ်တက္ကသိုလ်ကို အပုပ်ချတာကတော့ မလုပ်သင့်မလုပ်အပ်တာပါပဲ။
ကျမ နောက်ဆုံး ပြောချင်တာကတော့ စစ်တက္ကသိုလ်ကဆရာ/မတွေဟာ ဘယ်တုန်းက မှ ဗိုလ်လောင်းတွေကို မုန့်ရောင်းပြီး စာမသင်ခဲ့ဘူးပါဘူး။
စစ်တက္ကသိုလ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ကျမတို့လို ဆရာ/မတွေ အတွက်လည်း စစ်တက္ကသိုလ်ဟာ ကောင်းသော အမှတ်တရတွေသာ ကျမတို့ရင်ထဲမှာ ကျန်နေလိမ့် မယ်ဆိုတာ ဗိုလ်ကြီး နေမျိုးဇင် ကြားသိနိုင်ပါစေရှင်။
ဒေါက်တာမြမြသန်း၊ကထိက(ငြိမ်း)
လက်ပံတန်းမြို့။
Credit : မြန်မာ့သားကောင်း

No comments:

Post a Comment