စုစုနွေး လုပ်ကြံတဲ့ သာယာကုန်း သတင်းအမှန်
လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဧရာဝတီ သတင်းဌာန မှာ ဖော်ပြတဲ့
ပဲခူးတိုင်း သာယာကုန်းကျေးရွာ အနီးမှာရှိတဲ့ အမှတ်(၁) လက်နက်ခဲယမ်းတပ်က ခြံစည်းရိုးကာလိုက်တဲ့အတွက် ကျောင်းသူ/
ကျောင်းသားကလေးတွေ ခြံစည်းရိုးကို လှေကားထောင်ပြီးကျော်တက်နေပြီး
ကျောင်းသွားနေရတဲ့ပုံကိုတွေ့တော့ ရင်ထဲမှာ တကယ်ပဲ မကောင်းခဲ့ဘူး။
တွေ့တွေ့ချင်းတော့ အစိုးရ နဲ့ စစ်တပ်ကို တော်တော်
ဆဲချင်သွားတယ်။ဒါပေမယ့် အကြောင်းအစုံမသိပဲ ပြောဆိုရတာ မကောင်းပါဘူးလေဆိုပြီး သာယာကုန်း
က မိတ်ဆွေတွေဆီကို ဖုန်းတွေဆက်ကြည့်ပြီး မေးမြန်းခဲ့ရတယ်။
အဖြစ်အမှန်သိမှ အမှားအမှန်ဝေဖန်နိုင်
မှာမဟုတ်ပါလား။အခု ဒီဆောင်းပါးမှာတော့ ကျွန်တော်
သာယာကုန်းက မိတ်ဆွေတွေဆီ ဆက်သွယ်
မေးမြန်းထားတာတွေကို ပြန်လည်ပြောပြသွားမှာပဲ ဖြစ်ပါတယ်။
ပထမဆုံး အမှတ်(၁) လက်နက်ခဲယမ်းမီးကျောက်တပ် အကြောင်းပဲ အရင်ပြောရမှာပါပဲ။ အမှတ်(၁) လက်နက်ခဲယမ်းတပ်က
၁၉၉၈ ခုနှစ်ကတည်း တည်ထားခဲ့တာပါ။ပြီးတော့ အခုခြံစည်းရိုးကာထားတဲ့
မြေနေရာကလည်း ၁၉၉၈ ခုနှစ်က မြေနေရာနဲ့နှိုင်းယှဉ်ရင် မနည်းမများလေးတပ်နယ်မြေက ကျုံ့သွားပါ
သေးတယ်။ကျုံ့သွားတာကတော့ ပြန်ပေးလိုက်တဲ့မြေယာတွေ လည်းရှိခဲ့တာကြောင့်ဆိုတာသာယာကုန်းရွာသားတွေကောင်းကောင်းသိပါတယ်။
အခုခြံစည်းရိုးကာလိုက်တာဟာ လယ်မြေတွေကို သိမ်းပြီး
တော့ ကာလိုက်တာမျိုးမဟုတ်ပဲနဲ့ အမှတ်(၁) တပ်အပိုင်မြေကိုပဲ ကာရံလိုက်တာဖြစ်ပါတယ်။ယခင်မကာရံခင်ကတော့ လက်နက်တိုက်တွေနားက နေဖြတ်သွားတဲ့
လူသွားလမ်းကျဉ်းကျဉ်းလေးတော့ ရှိပါတယ်။
ဒီလမ်းကလည်း လယ်လုပ်တဲ့အချိန်တွေ၊ မိုးတွင်းတွေမှသာ
သုံးကျတာများပါတယ်။ ပွင့်လင်းရာသီမှာတော့ ပုံမှန်လမ်းကိုပဲ အသုံးပြုကြတာပါ။တပ်က ခြံစည်းရိုးခတ်တာကလည်း နေချင်းညချင်းလုပ်တာ
မဟုတ်ပါဘူး အားလုံး ရွာသားတွေနဲ့ညှိနှိုင်းပြီးမှ ဆောက်လုပ်ခဲ့တယ်ဆိုတာ သိရပါတယ်။ ဒါကလည်း ရွာအကျိုးအတွက် ပါ ။ လက်နက်ခဲယမ်း တပ်ဆိုတာ အမြောက်ဆံတွေ ဗုံးဆံတွေ ကျည်ဆံတွေ ယမ်းတွေ
ကို သိုလှောင်တဲ့ တပ်ဖြစ်ပါတယ်။ တကယ်လို့ အုတ်တံတိုင်းမခတ်ခဲ့ရင် တောမီးလိုမျိုး နဲ့ ကြုံတဲ့အခါ
မျိုးမှာဖြစ်စေ ၊ လမ်းသွားလမ်းလာတွေက နမော်နမဲ့ နဲ့ ပစ်လိုက်တဲ့ ဆေးလိပ်တိုတွေကြောင့်ဖြစ်စေ အချိန်မရွေး ထပေါက်ကွဲနိုင်တဲ့ အမျိုးအစားများပဲဖြစ်ပါတယ်။ပေါက်ကွဲမှု တွေဖြစ်လာရင်တော့ အားလုံး ကိုယ်ကျိုးနည်းရမှာဖြစ်ပါတယ်။ဒါကြောင့် လက်နက်ခဲယမ်းခိုးယူမှုတွေ ၊ မီးလောင်မှုတွေဖြစ်နိုင်တာမို့
အခုလို အုတ်တံတိုင်း မြင့်မြင့် ခတ်ထားရတာပဲဖြစ်ပါတယ်။
နောက်တစ်ခုက ကျော်တတ်နေတဲ့ ကိစ္စဖြစ်ပါတယ်။ ဘာကြောင့်
ကျော်တတ်နေလဲ ဆိုတော့ အုတ်တံတိုင်းဘေးမှာ လူသွားလမ်းလေးတွေ ဖောက်ပေးထားပါတယ်။ ဒါပေမယ့် ဒီလမ်းက မသွားပါဘူး
အုတ်တံတိုင်းကိုပဲ ကျော်တက်ပြီး သွားပါတယ်။အုတ်တံတိုင်းပတ်ချာလည်ကို လမ်းအလိုက် လျောက်ရင်တစ်ပတ်ကြီး လျောက်ရတာဖြစ်တဲ့အပြင် ၊
မိုးတွင် ကျတော့ လယ်တွေ ရေ၀င် နေတာ ၊ ကန်သင်းရိုးတွေ
က ချော်တာစတာတွေလည်း ရှိတာကြောင့်သူတို့က အဲ့ဒီလမ်းကို ရွံ့ပေ ဗွက်ပေတာကြောင့် အခုလိုခြံစည်းရိုးကို ကျော်ပြီးတက်ကြတာပါ။ ဒီဘက်က နေ ကျော်တက်ပြီးရင် ၊ နောက်တစ်ဘက်မှာ နောက်တစ်
တစ်ခါကျော်ပြီးရင်တော့ စာသင်တဲ့ ဘုန်းကြီးကျောင်းကို ရောက်မှာဖြစ်ပါတယ်။ကျော်တက်တဲ့သူတွေက
တော့ လယ်လုပ်အတဲ့အချိန်ရွာအပြင်မှာ ယာယီတဲလေးတွေနဲ့ နေတဲ့ကလေးတွေဖြစ်ပါတယ်။
လယ်တွေပြီးစီးချိန်တော့ သူတို့ရွာထဲမှာ ပြန်နေကြပါတယ်။ဒါကြောင့် လက်နက်ခဲယမ်းတပ်က ခြံစည်းရိုးကာ
တာဟာ လယ်မြေတွေကို သိမ်းပြီးကာတာ မဟုတ်ပဲနဲ့ မိမိနေရာကို ပဲ ခတ်တာဖြစ်ပြီးမထင်မှတ်တဲ့ အန္တရာယ်တွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ခတ်ထားတာ ဖြစ်တယ်ဆိုတာ ကိုသိစေချင်ပါတယ်။
အခုလက်ရှိ သာယာကုန်းကျေးရွာမှာ တော့ အမှတ်(၁) ခဲယမ်းမီးကျောက်တပ်နဲ့ သာယာကုန်းရွာသားတွေရဲ့ ဆက်ဆံရေးဟာ အားလုံးပြေပြေလည်လည်ပဲဖြစ်ပါတယ်။
ဘာအဖုအထစ်မှမရှိပါဘူး။ဒီလိုဖြစ်သွားတာကလည်း
နိုင်ငံရေးသမားတွေရောက်လာပြီး တွေ့ပြီးတော့ ဓာတ်ပုံရိုက်ပြီး ဖွကြတာပါ။
အမှန်အတိုင်းကတော့ ကျွန်တော် ထက်ပါ မေးမြန်းထားချက်တွေကို
ပြန်ပြောပြတဲ့အတိုင်းပဲဖြစ်ပါကြောင်းမေးမြန်းတင်ပြလိုက်ရပါတယ်။
မှတ်ချက် ။ ။ဖုန်းဖြင့်ဆက်သွယ်ဖြေကြားပေးပါသော သာယာကုန်းမှ ဦးလှဌေးနဲ့
ကို ၀င်းမောင် ကျေးဇူးအထူးတင်ရှိပါသည်။
စည်သူမောင်မြင့်

No comments:
Post a Comment