မဆလ ခေတ်၊ နအဖ
ခေတ်တုန်းကအာဏာပိုင်ထိပ်ပိုင်းတွေနဲ့ နဲ့ အဆင်ပြေ အောင် ဖါးပြီး ပေါင်းသင်း
စီးပွားရေးရှာ၊ ၊ဒေသတွင်း အုပ်စုဖွဲ့
ပုဂ္ဂလိက သြဇာထူထောင်၊ဒေသခံချင်းလူထုတွေကို မတရားတဲ့နည်းတွေ ဗိုလ်ကျသုံးပြီး
၂၀၁၂ နောက်ပိုင်းမှာလည်း NLD အခြေအနေကောင်းမယ့် အရိပ်အယောင်ပြလာတော့
တီးတိန် NLD ပါတီ ပြန်လည်မွေးထုတ် ပဲ့ကိုင် ထောက်ပံ့ သလို
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွက် ငွေကြေးတွေ
အမြောက်အများလှူးဒါန်း ဖိတ်ခေါ်ခဲ့သူ ၊ တီး တိန် မြို့ရပ်မိရပ်ဖ အဖွဲ့ ဝင်၊
စကောလမ်း နှစ်ခြင်းအသင်းတော်ရဲ့( ဂေါကပ)သင်းထောက် အဖွဲ့ ဝင် တစ်ဦး၊ တောင်
ကြော တစ်လုံး ပိုင် ရှင် ၊ ကိုယ်ပိုင် အိမ်တွင်း အကျဉ်းထောင်ထားရှိပြီး
ရဲတပ်ဖွဲ့ဝင်များကိုပင် ခေါ်၍ ၀င်ရောက် ရိုက်နှက်စစ်ကြောပေးစေသူ၊အိန္ဒိယ
နိုင်ငံဘက်က မှတ်တမ်းတွေအရ အရှေ့မြောက် ဒေသ ထိပ်သီး စီးပွားရေး
သမားထဲမှာလည်းပါဝင် နေ သူ၊ သင်းအုပ် ဆရာကိုပင် မိမိစိတ်နှင့် မတွေ့သည့်အခါ
နဖူးပေါ်မှာ သေနတ်နဲ့ ချိန်တတ်သူ၊ နှစ် လုံးပြူးတစ်လက် ကိုင်၍ ပစ္စတို
တစ်လက် ခါးကြားထိုးတတ်သူ၊ လိုင်းပေါင်းစုံ စီးပွားရေးသမား ပီပီ အာဏာ ပိုင်
ဘက် သာ မ က အတိုက်အခံ ဘက် အထိ အစုံအလင် ပေါင်းသင်းဆက်ဆံရေး ကောင်းသူ၊ NLD
ဗဟိုကော်မီတီအထိ ပေါက်ရောက်သူ၊အောက်ခြေလူထုက ကြောက်ရွံ့ မုန်းတီး ဆက်စုပ်
ရသူ၊ ချင်း(မြောက်)ဒေသမှာ အချမ်းသာဆုံးလူ၊ လူ့ အသက်ကို ဖက်ရွက်လောက်သာ
သဘောထားတတ်သူ၊ လူသတ်မှုများကို ငွေကြေး နဲ့ ဖြေရှင်းတတ်သူ၊ေးသအာဏာပိုင် ၊
စစ်တပ် ၊ ရဲ ဆိုတာ တွေကို ခါးပိုက်ထဲ ထည့်ထားနိုင်သူ ဆိုတဲ့ နာမည်များဖြင့်
ကျော်ကြားလှပြီး တီးတိန်မြို့ စကောလမ်းရပ်ကွက် အိမ်အမှတ်((၈၂)နှင့်
(၁၀၂)တို့တွငနေထိုင်သည့ှ် ဦးဝုန်း ဆွင်းပေါင် Vungh Suan Pau Hornbill
Nursing Home (မန်နေဂျင်းဒါရိုက်တာ Hornbill Enterprises Co.,Ltd.) မှ သူ၏
နေအိမ်အချုပ်ခန်းအတွင်း တာယာကြိုးဖြင့်ရိုက်နှက်ခဲ့ခြင်းခံခဲ့ရသူ
မကျိန်လွမ်းမန် နှင့် ရိုက်နှက်နှိပ်စက်ခံခဲ့ရ၍ သူမ၏ခင်ပွန်း( သေဆုံးခဲ့သူ)
ဦးဝင်းလမ်ထိန် တို့၏ ဓါတ်ပုံဖြစ်ပါသည်၊ ထို နှိပ်စက်သတ်ဖြတ်မှုအတွက်
တီးတိန်မြို့သတင်းတပ်ဖွဲ့မှဦးဇော်မြင့်နှင့်
မြို့နယ်ရဲတပ်ဖွဲ့မှူးဦးနေဒွန်းတို့မှ အမှုပိတ်ပေးရန် မကျိန်လွမ်းမန် ကို
ညှိနှိုင်းပေးခဲ့သေးကြောင်း ပြည်ထဲရေးဝန်ကြီးထံ ပေးပို့ခဲ့သည့်
မကျိန်လွမ်းမန် တိုင်စာတွင် ဖေါ်ပြထားခဲ့ပါသေးသည်၊(ဟာဂျူလီ-ကသာ)

No comments:
Post a Comment