Thursday, September 18, 2014

ဒီမိုတွေက တိုက်ဂါးကိုအားပေးတယ်ဆိုတော့ သူတို့က စစ်ဖြစ်တာလိုလားသူတွေပေါ့

လွန်ခဲ့တဲ့ နှစ်နှစ် နီးပါးက ရေးခဲ့တဲ့  …
တပ်မတော် ဘာလဲ ဘယ်လဲ ဆောင်းပါးတွဲတွေမှာ …
မြန်မာ့ နိုင်ငံရေး အခြေအနေ အပေါ် ….
တပ်မတော်ရဲ့  စဉ်းစားသုံးသပ်ပုံ နဲ့  …
သူ ချမှတ်ခဲ့တဲ့  မဟာဗျူဟာကြီး အကြောင်း …
ကျွန်တော်သိသလောက် ….
တစ်စွန်းတစ်စ ဖော်ပြဖြစ်ခဲ့တယ် …
အဲဒီနောက်မှာလဲ …
ဒီ မဟာဗျူဟာကြီး နဲ့ ပတ်သက်လို့  …
အလျဉ်းသင့်ရင် သင့်သလို …
ဆောင်းပါးတိုလေးတွေနဲ့ ရေးသားဖော်ပြခဲ့တယ် …
ဒီမဟာဗျူဟာကြီးကြောင့်ပဲ …
ကာကွယ်ရေး ဘတ်ဂျက်ကို အဆမတန်သုံးပြီး …
အများလက်ညိုးထိုးစရာ ဖြစ်ခဲ့ရတယ် …
ဒီမဟာဗျူဟာကြီး ကြောင့်ပဲ …
နိုင်ငံတကာက အထင်အမြင်လွဲမှားမှုတွေ ဖြစ်ခဲ့ရတယ် …
ဒီမဟာဗျူဟာကြီး ကြောင့်ပဲ …
တပ်မတော်ဟာ …
နိုင်ငံတော် အာဏာကို ၂၂ နှစ်ကြာအောင် ….
နာမည်အပျက်ခံပြီး သိမ်းထားခဲ့ရတယ် …
ဒီမဟာဗျူဟာကြီးကြောင့်ပဲ …
တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်တစ်ချို့ ဟာ …
မသမာခြစားမှု ၀ဲဂယက်မှာ …
စုန်းစုန်းမြုပ်ခဲ့ရတယ် ….
ကောင်းပြီ …
ဒီမဟာဗျူဟာကြီးက ဘာလဲ …????
ဒီမဟာဗျူဟာကြီးကို ဘယ်လိုများစဉ်းစားသုံးသပ်ပြီး …
တပ်မတော် က ချမှတ်အကောင်အထည်ဖော်ခဲ့တာလဲ ????
အားလုံးနားလည်အောင် ဒဲ့ ပြောရရင်တော့ …
တပ်က ဒီလိုစဉ်းစားတယ် ….
ရှိသမျှ လက်နက်ကိုင် အဖွဲ့ အားလုံးနဲ့ …
အကုန် ငြိမ်းချမ်းရေးရဖို့ ဆိုတာ …
လွယ်လွယ်ကူကူ နဲ့  မဖြစ်နိုင်ဘူး …
အချိန်က အတော်ကြာအုန်းမယ် …
ဒီကြားထဲ တိုက်စရာရှိရင်လဲ ငါတို့ ပဲ တိုက်ရမယ် …
သေစရာရှိလဲ ငါတို့ ပဲ သေရမယ် ....
အဲဒီတော့ ဘယ်လိုဖြစ်ဖြစ် …
တပ်မတော်ကို ခေတ်မီအောင် အင်အားရှိအောင် ….
တည်ဆောက်ထားရမယ် …
နောက်တက်လာတဲ့  အရပ်သားအစိုးရတွေက …
တပ်ကို ချနင်းပြီး ...
နိုင်ငံရေးအမြတ်ထုတ်တာမျိုးတွေ …
လုပ်လို့ မရအောင်လဲ …
နိုင်ငံရေးအခင်းအကျင်းကို ...
စနစ်တကျ ပြင်ဆင်ထားရမယ် …
ဒီ နှစ်ပေါင်းများစွာကြာနေတဲ့  ….
ပြည်တွင်းစစ်ကြီး မပြီးမချင်း …
နိုင်ငံရေးမှာ တပ်က ပါနေဖို့  လိုကိုလိုတယ် …..
အဲဒီတော့ အဲလိုအခင်းအကျင်းမျိုးကို …
ငါတို့ တာဝန်ယူထားတဲ့ အချိန်အတွင်း …
ရအောင်တည်ဆောက်သွားရမယ် …
ဒါဟာ တပ်ရဲ့ …
အရိုးရှင်းဆုံး စဉ်းစားပုံပဲ ….
ပြည်တွင်းစစ်နဲ့ ပတ်သက်လာရင် …
တပ်က အနားလည်ဆုံးပဲ …
ဘာလို့ လဲဆိုတော့ ..
သူ ဒီစစ်ကြီးကို တိုက်လာတာ အနှစ် ၆၀ ရှိပြီ …
တစ်ဖက်က အဖွဲ့ အစည်းတွေအကြောင်း ….
သူ့ လောက်သိတဲ့ သူ ဘယ်သူမှမရှိဘူး …
တစ်ဖက်က လက်နက်ကိုင်အဖွဲ့ တွေဟာ…
အရေအတွက် ရာဂဏန်းလောက်ရှိတယ် ….
အဲဒီ အဖွဲ့ တွေ ဟာ …
တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ …
သမိုင်းကြောင်းမတူ …
လိုလားချက်တွေမတူ …
အကျိုးစီးပွားတွေ မတူညီကြတဲ့ အတွက် …
တောင်းဆိုချက်တွေကလဲ မတူကြဘူး …
တကယ်တန်းပြောရရင်တော့ …
တစ်ယောက်တစ်ပေါက် …
ကိုယ်ထင်တာ ကိုယ်လုပ်နေကြတာပဲ ….
ဒါကို ဘာက သက်သေပြလဲဆိုတော့ …
မနေ့ က KNU / KNLA တိုက်ဂါး ကနေ…
သင်္ကန်းညီနောင် အခြေချ စစ်ဗျူဟာကို ….
လှမ်းပို့ တဲ့ စာက ဖော်ပြနေတယ် …
ပထမတော့ စာက အတုထင်လို့  …
ဒီအတိုင်းနေမိတယ် …
နောက်မှ ခင်ရာမင်ရာ သူငယ်ချင်းမိတ်ဆွေတွေဆီ …
ဖုန်းဆက်မေးကြည့်တော့ …
စာက အစစ် ဖြစ်နေတယ် …
ဖြစ်စဉ်က ရှင်းတယ် …
ဗိုလ်မှူးကြီး တိုက်ဂါးက …
ယိုးဒယားရဲက ဗမာတွေကို နှိပ်စက်လို့ မခံနိုင်လို့ ဆိုပြီး …
ယိုးဒယား ကုန်ကားတွေကို တားတဲ့ ကိစ္စ က စတယ် …
ဒါဟာ တကယ်တော့ ရယ်စရာကြီးပဲ …
ကေအန်ယူ ဟာ အရင်ကတည်းက …
ယိုးဒယားထဲမှာ ဒုက္ခသည်အမည်ခံ စခန်းတွေဖွင့်ပြီး …
သူတို့ ကိုယ်တိုင် ယိုးဒယား မျက်နှာကြည့်ပြီး ….
တစ်သက်လုံး နေခဲ့ရတာ လူတိုင်းသိတယ် ….
ပြီးတော့ ယိုးဒယား ရဲက ….
မြန်မာတွေကို အနိုင်ကျင့်တယ်ဆိုတဲ့ ကိစ္စကလဲ ….
ဟိုး ပဝေသဏီတည်းက ဖြစ်နေတာ …
အခု ဒီတစ်ပတ်ထဲမှာမှ ဘာလို့ ရုတ်တရက် ….
ဆတ်ဆတ်ခါ ထနာပြီး ပြသနာရှာရတာလဲ …
ဒါဟာ ကေအန်ယူက UNFC က ထွက်လာတဲ့ အချိန် …
ကေအန်ယူ အဖွဲ့ တွင်း သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့  …
သတင်းထွက်လာတဲ့ အချိန်တွေ နဲ့  ….
သွားတိုက်ဆိုင်နေတယ် …
အမှန်ပြောရရင် အဲဒီလို သောက်ကန်းတွေကြောင့်ပဲ …
ပြည်တွင်းစစ်က အပြီးမသတ်နိုင်တာပဲ ….
တပ်အနေနဲ့ ကတော့ သိပ်မထူးတော့ပါဘူး …
ဒီလောက် လိုက်လျောညှိနိုင်းနေတာတောင် …
မရမှတော့ …..
ချဆိုလဲ ပြန်ချကြရုံပေါ့ …
ဒီတစ်ခါတော့ အရင်လို ပြောက်ကျားစစ်ပုံစံ ဖြစ်မယ်မထင်ဘူး ….
တပ်က သမားရိုးကျစစ်ပုံစံ တိုက်တော့မှာပဲ …
တိုက်ပွဲဖြစ်တဲ့ ဧရိယာကို …
အမြောက်တွေ ထောင်းလမောင်းကျေအောင် ပစ် …
၁၂၂ မမ ရော့ကက်တွေ ဒလစပ်ပစ် …
လေယာဉ်တွေနဲ့  ဗုံးကြဲ …
ဒီလိုမျိုး ရက်ရက်စက်စက် တိုက်တော့မယ်ထင်တယ် …
ဘာလို့ လဲ ဆိုတော့ …
အရင် ကရင်ပြည်နယ် စစ်ဆင်ရေးမှာ …
အမှည့်ချွေချွေခံ ရတဲ့ ပုံမျိုးတော့ …
သူတို့ ထပ် အဖြစ်ခံတော့မယ် မထင်ဘူး …
တစ်ခု ထူးဆန်းတာက …
တိုက်ဂါး လုပ်တာကို …
လက်ခုပ်လက်ဝါးတီး အားပေးနေတဲ့  ဒီမိုအုပ်စုတွေပဲ ….
တကယ်ကို တတလင်းဂျိတ် နဲ့ တုံးတဲ့  ငတုံးအုပ်စုပဲ …
တိုက်ဂါးလုပ်ရပ်ဟာ ...
ငြိမ်းချမ်းရေး ပျက်သွားနိုင်လောက်တယ် …
ငြိမ်းချမ်းရေး ပျက်လို့ စစ်ပြန်ဖြစ်ရင် …
စစ်ဘောင်ဟာ ကျယ်သထက် ထပ်ကျယ်လာမယ် …
စစ်ဘောင်ကျယ်လာရင် …
စစ်တပ်က ပိုသြဇာကြီးသထက် ကြီးလာမယ် …
ဒါဟာ ဒီမိုကရေစီ နဲ့ လူ့ အခွင့်အရေးအတွက် …
အကြီးမားဆုံး စိန်ခေါ်မှုကြီး ဆိုတာ …
သူတို့ သဘောမပေါက်တာကို သြချမိတယ် …
အမှန်က တိုက်ဂါးလုပ်ရပ်ကို ..
တစ်ပြည်လုံးက ၀ိုင်းပြီး ....
ပြင်းပြင်းထန်ထန် ရှုံ့ ချလိုက်ရင် …
အမြီးကုပ်သွားပြီး …
တိုက်ဂါးကနေ ဂုတ်ကျားဖြစ်သွားမှာပဲ …
အခုကျတော့ …
Bravo တို့  ၀မ်းစမိုး တို့  ထလုပ်တော့ …
ဟိုကောင်က တစ်ဆင့်တက်ပြီး …
ကြေငြာချက် ထပ်ထုတ်တယ် …
ပြတ်ကရော ….
အဲတော့ ….
တပ်က တိုက်ဂါးစာအတိုင်း လုပ်မယ် မလုပ်ဘူးဆိုတာ …
သုံးတန်းကလေးတောင် သဘောပေါက်တယ် …
ဒီလောက်ရှင်းပြတာ နားလည်ရဲ့ လားမသိဘူး …
စစ်ဖြစ်လာရင် အနိမ့်ဆုံး …
အဲဒီဒေသမှာ စစ်တပ်တွေ အများကြီး ....
နေရာယူလာတော့မယ် …
နယ်မြေ မအေးချမ်းလို့ ဆိုပြီး …
ရွေးကောက်ပွဲလဲ ကျင်းပလို့ ရမှာ မဟုတ်တော့ဘူး…
ဆန္ဒလဲ ပြလို့ မရနိုင်ဘူး …
စစ်တပ်ကပဲ ….
ဒေသလုံခြုံရေး အုပ်ချုပ်ရေးကို ကိုင်တွယ်တော့မှာ…
ကျွန်တော်ပြောတာ မယုံရင် …
ငြိမ်းချမ်းရေးပျက်သွားတဲ့ အချိန် …
အဲဒေသမှာ …..ပင်နီတိုက်ပုံလေး ၀တ်ပြီး …
လပ်ယားလပ်ယား လုပ်ကြည့် …
မြို့ တစ်ပတ်လောက် ပတ်ကြည့် ….
ဘာဖြစ်လာမလဲ တွေ့ လိမ့်မယ် ...
တစ်ခါတစ်လေ …
ခင်ဗျားတို့ ပိန်းချက်က ၉ ရှိတယ် …
စိတ်ပျက်တယ် တကယ် … ။ ။
( ရဲမိုး )
====================
( နောက်ဆုံးရတဲ့ သတင်းအရတော့ ...
KNU \ KNLA ငြိမ်းချမ်းရေးကောင်စီက ....
တိုက်ဂါး ရဲ့ စာဟာ ...
သူတို့ သဘောထား မဟုတ် ...
သူတို့ နဲ့  မဆိုင်ဘူးလို့  ....
အကြောင်းပြန်လာတယ် ပြောတယ် )


No comments:

Post a Comment