Monday, September 15, 2014

ဆရာမ တွေကို ခုတုံးလုပ် နေတဲ့ (ကို) နေမျိုးဇင် ဟာ လူယုတ်မာ တစ် ယောက်ပါပဲ...

စစ်တက္ကသိုလ် ဗိုလ်လောင်းတွေ က ဆရာမ တွေနဲ့ လမ်းမှာဆုံရင် အ လေးပြုကြတယ်..
ဆရာမ တွေကလည်း စာသင် ရင် မုန့်တွေယူလာကြတယ်... သကြားလုံးတို့ ပေါင် မုန့်တို့လို အသင့်စားမုန့်တွေယူလာကြတယ်.
တခြားတက္ကသိုလ်တွေနဲ့မတူတဲ့ ဆရာ တပည့်ဆက်ဆံရေးကို ပိုင် ဆိုင် ထားကြတယ်။တခါ တ လေ ဗိုလ်လောင်းက ဆေးခန်းလိုက်စရာမလိုတဲ့ ရောဂါတွေဖြစ်ကြရင် ဆရာမ တွေက ဆေးတွေတောင် ယူလာပေးကြ သေးတယ်...
စာသင် တာထက်ပိုတဲ့ မိသားစုဆက်ဆံရေးနဲ့နေထိုင် ခဲ့ကြရတာပါ။(ကို)နေမျိုးဇင် ပြောသလို ရေခဲချောင်း ရောင်းစားရတယ်ဆိုတာ လုံးဝမဟုတ် ပါဘူး။ရေခဲပုံးသယ်လာတဲ့ ဆရာမ တစ် ယောက် ရဲ့အဖြစ်ကို မြင် ယောင်ကြည့်လို့တောင် မရပါဘူး။
စစ်တက္ကသိုလ် စာပေဋ္ဌာနမှာ သီးသန့် ဆိုင် ရှိပါတယ်။အဲ့ဒီမှာလည်း အနားပေးချိန် ခဏပဲ သွားဝယ်လို့ရတာပါ။ဆိုင် ထိုင် လို့မရပါဘူး။
ဘာကြောင့်များ ဆရာမ တွေကို ခုတုံးလုပ်ပြီး လက်ခုပ်သံ ချူခဲ့သလဲဗျာ.. လုပ်သင့်ရဲ့လား။
ပရဟိတ အ ကြောင်းပြ ။ ဆရာမ တွေကို ခုတုံးလုပ် နေတဲ့ (ကို) နေမျိုးဇင် ဟာ လူယုတ်မာ တစ် ယောက်ပါပဲ...
ညီသုတ

No comments:

Post a Comment